နယူးယော့ခ်၊ ဇွန် ၂၄ ။ ။ ဗြိတိန် အမျိုးသမီး ပေါ့ပ်အဆိုတော်အဖွဲ့ Spice Girls အဖွဲ့သည် ရုပ်မြင်သံကြား အစီစဉ်နှင့်တူ ပြန်လာရန် စီစဉ်နေကြောင်း ပြောကြားခဲ့သော်လည်း အဖွဲ့ဝင်ငါးဦးလုံးကို တွေ့မြင်ရမည်မဟုတ် ကြောင်း သိရသည်။
မဲလန်နီဘရောင်း၊ အမ်မာဘန်တန်၊ ဂျေရီဟဲလ်ဝဲလ်တို့သည် လာမည့်နှစ်တွင် ကျင်းပပြုလုပ် မည့် နှစ်နှစ်ဆယ်ပြည့် နှစ်ပတ်လည်အထိမ်းမှတ် ကမ္ဘာလှည့်ဖျော်ဖြေပွဲ မတိုင်မီ Spice Girls အဖွဲ့ ပြန်လည်ပေါင်းစည်းသွားမည့် ကောလဟာလ သတင်းများအကြောင်းကို ရိုက်ကူးမည့် ရုပ်မြင်သံကြား အစီစဉ်တွင် ပါဝင်သရုပ်ဆာင်ရန် စီစဉ်လျက်ရှိကြောင်း The Sun သတင်းဌာနက ပြောကြားသည်။
ဗစ်တိုးရီးယားဘက်ခမ်းသည် အဖွဲ့၏ နှစ်နှစ်ဆယ်ပြည့် အထိမ်းအမှတ်အတွက် ပြန်လာမည်မ ဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီးနောက် ယခုအခါ မဲလန်နီချဲဆမ်သည် အဆိုပါ ရုပ်မြင်သံကြား အစီစဉ်တွင် ပါဝင်မည်မဟုတ်ဟု ယူဆရသည်။
“Spice Girls အဖွဲ့ ရုပ်မြင်သံကြား အစီစဉ်နဲ့အတူ ပြန်လာမယ်ဆိုတဲ့ သတင်းဟာ ပေါ့ပ်ဂီတ လောကတွင် ကြီးကျယ်ခမ်းနားတဲ့ သတင်းတစ်ရပ်ဖြစ်တယ်။ ဒါကြောင့် အဖွဲ့ဝင်များဟာ သူတို့ရဲ့ ထင်ပေါ်ကျော်ကြားမှုတွေကို အကောင်းဆုံး အသုံးချသွားချင်တယ်ဆိုတာကတော့ အံ့သြစရာမရှိပါ ဘူး” ဟု သတင်းအရင်းမြစ်တစ်ခုက The Sun သတင်းဌာနကို ပြောကြားခဲ့သည်။
အဆိုပါ ရုပ်မြင်သံကြား အစီစဉ်သည် ၂၀၀၆ ခုနှစ်က Spice Girls အဖွဲ့ ပြန်လည်ပေါင်းစည်းမှု မတိုင်မီ ၂၀၀၅ ခုနှစ်က ITV ရုပ်သံအတွက် ရိုက်ကူးခဲ့သော Take That အစီစဉ်နှင့် တူညီမည်ဖြစ် သည်။ ဗစ်တိုရီးယားနှင့် မဲလန်နီချဲဆမ်တို့ နေရာတွင် အစားထိုးရန် မိန်းကလေးအဆိုတော်သစ်များကို အသံပိုင်းဆိုင်ရာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ယခင်က ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် ယခုအခါ ဂျေရီ၊ မဲလန်နီဘရောင်းနှင့် အမ်မာတို့က သုံးယောက်တည်းဖြင့် ဆက်လက်လုပ်ဆောင်သွား မည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။