ကမ္ဘာတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူပေါင်း ၆၅ သန်းထိ ရှိလာဟု ကုလ ပြော

ကမ္ဘာတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူပေါင်း ၆၅ သန်းထိ ရှိလာဟု ကုလ ပြော

ဇွန် ၂၀ ။               ။ ကမ္ဘာတစ်ဝန်း မူလအခြေချနေထိုင်ရာ နေအိမ်များမှ စွန့်ခွာထွက်ပြေးနေရသူဦးရေ စုစုပေါင်းမှာ စံချိန်တင်ပမာဏဖြစ်သော ၆၅ ဒသမ ၃ သန်းထိ ရှိလာနေသည်ဟု ကုလသမဂ္ဂက ဇွန်လ ၂၀ ရက်တွင် ထုတ်ပြန်ပြောကြားလိုက်သည်။

" ဒါဟာ ပထမဆုံးအကြိမ် သန်း ၆၀ ကို ကျော်လွန်သွားခဲ့တာဖြစ်ပါတယ်" ဟု ကုလသမဂ္ဂ၏ ဒုက္ခသည် အေဂျင်စီက ထုတ်ပြန်သည်။

ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီက ယခုထုတ်ပြန်လိုက်သည့် ကိန်းဂဏာန်းများက ကမ္ဘာတစ်ဝန်း အိုးအိမ်များကို စွန့်ခွာထွက်ပြေးနေရမှု အကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းနိုင်ရေးပိုင်းတွင် ဖိအားများကျရောက်နေရသည်ကို မီးမောင်းထိုးပြသလိုက်သည်။

ပဋိပက္ခစစ်ပွဲများ နှင့် ဖိစီးနှိပ်စက်မှုများကြောင့် ယခုကဲ့သို့ နေအိမ်စွန့်ခွာထွက်ပြေးသူဦးရေကို တိုးပွားလာစေခဲ့ကြောင်းနှင့် ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေး နိုင်ငံရေးအယူအဆကြောင့်လည်း ဒုက္ခသည်များကို နေရာချထားမှုပိုင်းအတွက် အဟန့်အတားဖြစ်စေသည်ဟု ကုလ အဖွဲ့အစည်းတစ်ခုဖြစ်သည့် UNHCR ၏ အကြီးအကဲ ဖိလစ်ပို ဂရန်ဒီက ပြောထားသည်။

" ဒုက္ခသည်တွေကို နေရာချထားမှုပိုင်းမှာ နိုင်ငံတွေရဲ့ ပါဝင်လုပ်ဆောင်လိုစိတ်တစ်ခုတည်းနဲ့ မရတော့ပါဘူး၊ ဒီကိစ္စမှာက လူသားတိုင်းရဲ့ စိတ်ဝင်တစ်စားရှိမှုကိုပါ လိုနေပါပြီ" ဟု ၎င်းက ပြောသွားသည်။

ပြီးခဲ့သည့် ၂၀၁၅ တစ်နှစ်လုံးတွင် ကမ္ဘာတစ်ဝန်း အိုးအိမ်ပစ်ပြေးရသူဦးရေပေါင်းမှာ ၅ ဒသမ ၈ သန်းထိ တက်လာခဲ့သည်ဟု ကုလသမဂ္ဂ၏ အချက်အလက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly