အိဒ်ပွဲတော်အပြီး အင်ဒိုနီးရှားတွင် ရာဇဝတ်သား ၁၆ ဦး ကွပ်မျက်မည်

အိဒ်ပွဲတော်အပြီး အင်ဒိုနီးရှားတွင် ရာဇဝတ်သား ၁၆ ဦး ကွပ်မျက်မည်

ဂျကာတာ၊ ဇွန် ၁၅ ။          ။ လာမည့်လ မွတ်စလင်အိဒ်ပွဲတော်အပြီးတွင် အင်ဒိုနီးရှားနိုင်ငံက သေဒဏ်ပေးစီရင်ခြင်းကို ပြန်လည် ကျင့်သုံးခြင်းအဖြစ် ရာဇဝတ်သား ၁၆ ဦးကို သေဒဏ်ပေး ကွပ်မျက်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဇွန် ၁၄ ရက်တွင် ပြောသည်။

အစ္စလာမ်ပွဲတော် အပြီး အချိန်တိုအတွင်းမှာပင် ကွပ်မျက်သေဒဏ်ကို စီရင်မည်ဖြစ်ကြောင်း ရှေ့နေချုပ်ရုံးက ပြောရေးဆိုခွင့်ရှိသူ မိုဟာမတ်ရမ်က အေအက်ဖ်ပီသို့ ပြောသော်လည်း မည့်သည့် ရက်အချိန်ဖြစ်ကြောင်း အတိအကျ မပြောပေ။

အင်ဒိုနီးရှားတွင် အိဒ်ပွဲသည် ဇူလိုင် ၆ ရက်နှင့် ၇ ရက်တွင် ကျရောက်သည်။

ယခုသေဒဏ်ပေးစီရင်မည့် သူများမှာ မည်သည့် ပြစ်မှုများဖြင့်ဖြစ်ကြောင်း ၎င်းက မပြောသော်လည်း အင်ဒိုနီးရှားနိုင်ငံသည် မူးယစ်ဆေးဝါးအပေါ်တွင် ပြင်းပြင်းထန်ထန် နှိပ်ကွပ်ပြီး ၂၀၁၅ ခုနှစ်အတွင်းကလည်း နိုင်ငံခြားသား အများစုဖြစ်သော မူးယစ်ကုန်သွယ်သူ ၁၄ ဦးကို သေဒဏ်ပေးကွပ်မျက်ခဲ့ခြင်းကြောင့် နိုင်ငံတကာတွင် စိတ်ဆိုးဒေါသထွက်မှုများ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဧပြီမှ စကာ သေဒဏ်ပေးခြင်းများ မရှိတော့ခြင်းဖြစ်ပြီး နိုင်ငံစီးပွားရေးမြှင့်တင်ရန်အတွက် အာရုံစိုက်လုပ်ဆောင်နေရ၍ဖြစ်ကြောင်း အင်ဒိုနီးရှားက ပြောသည်။

“ဒီလို သေဒဏ်ပေးစီရင်မှုတွေကို ခုချိန်မှာ ပြန်လည်ကျင့်သုံးနိုင်ဦးမှာ မဟုတ်ပါ။ အစိုးရက နိုင်ငံစီးပွားရေးကို အားစိုက်နေရလို့ဖြစ်ပါတယ်။ ဒါပေမယ့် အိဒ်ပွဲအပြီးမှာတော့ အချို့သော သေဒဏ်ပေး အရေးယူမှုတွေကို ပြန်လည်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။”ဟု ရမ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly