ယူအေအီး စစ်ဘက်ရဟတ်ယာဉ် ယီမင်တွင် ပျက်ကျရာ လေယာဉ်မှူးနှစ်ဦး သေဆုံး

ယူအေအီး စစ်ဘက်ရဟတ်ယာဉ် ယီမင်တွင် ပျက်ကျရာ လေယာဉ်မှူးနှစ်ဦး သေဆုံး

ဇွန် ၁၄ ။               ။ အာရတ်စော်ဘွားများ ပြည်ထောင်စု ယူအေအီး နိုင်ငံမှ စစ်ဘက်ရဟတ်ယာဉ်တစ်စီး ဇွန်လ ၁၃ ရက်က ယီမင်နိုင်ငံတွင် ပျက်ကျခဲ့ရာ လေယာဉ်မှူးနှင့် အကူလေယာဉ်မှူး တို့ သေဆုံးသွားသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယီမင်နိုင်ငံတွင် ဆော်ဒီ ဦးဆောင်သော စစ်ဆင်ရေးများအတွင်း ပါဝင်ဆင်နွဲခဲ့သော ယူအေအီး စစ်ရဟတ်ယာဉ်မှာ ဇွန်လ ၁၃ ရက် ပျက်ကျသွားခဲ့ကြောင်းနှင့် လေယာဉ်ပေါ်ပါ လေယာဉ်မှူးများ   သေဆုံးသွားခဲ့ကြောင်း ယူအေအီးစစ်တပ်က ထုတ်ပြန်သည်။

သို့သော် မျက်မြင်တွေ့ရှိသူများ၏ အဆိုအရ ယင်းရဟတ်ယာဉ်ပျက်ကျမှုသည် ယီမင် တောင်ပိုင်း ဆိပ်ကမ်းမြို့ Aden တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဆော်ဒီအာရေဗျနိုင်ငံသည် ယီမင် ပြည်တွင်းစစ်များအတွင်း ပြီးခဲ့သည့် ၂၀၁၅ မတ်လ ကတည်းက ဝင်ရောက်စွက်ဖက်ပါဝင်နေခဲ့ရာ ယင်းနိုင်ငံတွင် မကြာခဏဆိုသလို စစ်ရေးတိုက်ခိုက်မှုများ သွားရောက်လုပ်ဆောင်နေလျက်ရှိသည်။

အဆိုပါ စစ်ရေးစွက်ဖက်မှုများအတွင်း ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်က ယီမင်အနောက်မြောက်ပိုင်းရှိ ဒေသတစ်ခုတွင် လုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုတစ်ခုတွင် ဆော်ဒီ တပ်ဖွဲ့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး အခြားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly