ရှန်ဟိုင်းလေဆိပ်တွင် ပေါက်ကွဲမှုဖြစ်၍ သုံးဦး ဒဏ်ရာရ

ရှန်ဟိုင်းလေဆိပ်တွင် ပေါက်ကွဲမှုဖြစ်၍ သုံးဦး ဒဏ်ရာရ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ပုဒေါင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွား၍ လူ သုံးဦး ဒဏ်ရာရကြောင်း အစိုးရက ထုတ်ပြန်သည်။

လေဆိပ်ရှိ ခရီးသည်ဆိုက်ရောက်ရာနေရာတွင် နေ့လည် ၂ နာရီ ၄၂ မိနစ်က ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနCCTV က သတင်းဖော်ပြသည်။

အွန်လိုင်းပေါ်တွင် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများ၏ ဓာတ်ပုံများ ပျံ့နှံ့နေသည်။

ပေါက်ကွဲရာနေရာကို ရဲက ထိန်းချုပ်ထားပြီး ပေါက်ကွဲရသည့် အကြောင်းရင်း မသိရသေးကြောင်း People's Daily သတင်းတွင် ဖော်ပြသည်။

လူသုံးဦး ဒဏ်ရာရရှိသော်လည်း လေယာဉ်ပျံသန်းမှုများ ထိခိုက်မှုမရှိကြောင်း လေဆိပ်အာဏာပိုင်အဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly