ဖလော်ရီဒါရှိ လိင်တူနိုက်ကလပ်တွင် သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်၊ ဓားစာခံများအား ဖမ်းဆီးထား

ဖလော်ရီဒါရှိ လိင်တူနိုက်ကလပ်တွင် သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်၊ ဓားစာခံများအား ဖမ်းဆီးထား

ဖလော်ရီဒါ၊ ဇွန် ၁၂ ။           ။ အမေရိကန်နိုင်ငံ အော်လန်ဒိုပြည်နယ် ဖလော်ရီဒါမြို့ရှိ လိင်တူနိုက်ကလပ်တွင် သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်ရာ လူများစွာ ဒဏ်ရာရထားကြောင်း ရဲက ပြောသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ ဖြစ်ပွားရာ Pluse Club အတွင်း တိုက်ခိုက်သည့်သူ ရှိနေဆဲဖြစ်ကာ ဓားစာခံများအဖြစ် လူများကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

ယင်းကလပ်အနီးအနားမှ ဝေးရာတွင် နေကြရန် အော်လန်ဒိုရဲက လူများအား တိုက်တွန်းထားသည်။

လူမှုမီဒီယာတွင် ပျံ့နှံ့နေသည့် ဗီဒီယို၌ အခင်းဖြစ်ရာတွင် အရေးပေါ်ယာဉ် ဒါဇင်များစွာ ရှုပ်ယှက်ခတ်နေပြီး ပလက်ဖောင်းများအပေါ် လူများအား ပြုစုစောင့်ရှောက်ပေးနေလျက်ရှိသည်ကို   မြင်တွေ့ရသည်။

ပစ်ခတ်မှုက ဒေသစံတော်ချိန် နံနက် ၂ နာရီဝန်းကျင်တွင်ဖြစ်ကြောင်း လူတစ်ဦးက ပြောသည်။

"အကကွင်းလယ်နဲ့ ဘားခုံများပေါ်မှာ ရှိနေတဲ့ လူတွေက ကြမ်းမှာ ဝပ်မှောက်ထားတယ်။ ကျွန်တော်တို့လို တံခါးပေါက်နား ဝပ်နေတဲ့သူတွေက လွတ်အောင်လုပ်နိုင်ခဲ့ပြီး တံခါးက ထွက်နိုင်တာနဲ့ တစ်ချိုးတည်း ပြေးလာကြတာဖြစ်ပါတယ်။"ဟု လွတ်မြေက်လာသူတစ်ဦးက ဖေ့ဘုတ်ပေါ်တွင် ပို့စ်တင်သည်။

အခြားသူတစ်ဦးက လူအများ အော်သံတွေ ကြားရကြောင်း၊ သေဆုံးသူများလည်း ရှိကြောင်း ပြောသည်။

လူ ၂၀ ကျော်ထက်မနည်း ပစ်ခတ်ခံရကြောင်း သတင်းရင်းမြစ်တစ်ရပ်က ပြောသည်ဟု ဌာနေသတင်းထောက်တစ်ဦးက အစောပိုင်း၌ တွစ်တာတွင် ရေးသားခဲ့သည်။

တိုက်ခိုက်သူက ဓားစာခံများနှင့်အတူ ကလပ်တွင်း၌ပင် ရှိနေဆဲဖြစ်ပြီး ဗုံးလည်း ဝတ်ဆင်ထားဖွယ်ရှိနေသည်ဟု ယင်းသတင်းထောက်က ပြောသည်။

ဇွန် ၁၀ ရက်က အသက် ၂၂ နှစ်အဆိုတော် Christina Grimmie ဖလော်ရီဒါမြို့ဖျော်ဖြေပွဲ၌ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ချိန်မှ ရက်ပိုင်းအတွင်း ယခုပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်သည်။

အသက် ၂၆ နှစ်အရွယ် Kevin James ဆိုသူက Christina က ပရိသတ်များအား အော်တိုရေးထိုးပေးနေချိန် ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ၎င်းက ကိုယ်ကိုကိုလည်း ပစ်ခတ်သတ်သေသွားခဲ့သည်။ Kevin James ဆိုသူက မည်သည့်အတွက်ကြောင့် ယင်းသို့ ကျုးလွန်ရကြောင်း သေချာရှင်းလင်း မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly