မြန်မာနိုင်ငံက မွတ်စလင်များ၏ အခြေခံအခွင့်အရေးများကို ကာကွယ်ရာတွင် အထောက်အကူပြုရန်အတွက် တရားရေးပညာရှင်များက ရှေ့နေအဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းတည်ထောင်ကြောင်း ဇွန် ၉ ရက် Anadolu Agency သတင်းတွင် ဖော်ပြသည်။
အာဏာရ NLD ပါတီဝင် တရားရုံးချုပ်ရှေ့နေ ဦးကိုနီက လွန်ခဲ့သည့် ခြောက်လကတည်းက မြန်မာရှေ့နေအသင်း ဖွဲ့စည်းရန် စတင်ခဲ့ခြင်းဖြစ်ကြောင်း Anadolu Agency သို့ ပြောသည်။
ဇွန် ၄ ရက်တွင် စတင်ဖွဲ့စည်းလိုက်သည့် ယင်းအသင်းသို့ နိုင်ငံအနှံ့က မွတ်စလင်ရှေ့နေ ၇၀ ကျော်ထက်မနည်း ပါဝင်လက်မှတ်ရေးထိုးထားကြကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။