တဲလ်အယ်ဗစ်တွင် ပါလက်စတိုင်းနှစ်ဦး ပစ်ခတ်၍ လေးဦးသေဆုံး

တဲလ်အယ်ဗစ်တွင် ပါလက်စတိုင်းနှစ်ဦး ပစ်ခတ်၍ လေးဦးသေဆုံး

တဲလ်အယ်ဗစ်၊ ဇွန် ၉ ။              ။ အစ္စရေးနိုင်ငံ တဲလ်အယ်ဗစ်မြို့ လဟာပြင်ဈေးနှင့် စားသောက်ဆိုင်များရှိရာ အရပ်တွင် ပါလက်စတိုင်းလက်နက်ကိုင်နှစ်ဦးပစ်ခတ်၍ လူလေးဦးသေဆုံးကာ   ခြောက်ဦးဒဏ်ရာရကြောင်း အစ္စရေးအာဏာပိုင်များက ပြောသည်။

အနောက်ဖက်ကမ်း ဟီဘရွန်းမြို့အနီးရှိ ပါလက်စတိုင်းရွာ ယတ်တာရွာမှ ဝင်ရောက်လာသည့် လက်နက်ကိုင်နှစ်ဦးဖြစ်ကြောင်း ရဲက ပြောသည်။

ထိုနှစ်ဦးစလုံးကို ဖမ်းဆီးထားနိုင်ပြီး တစ်ဦးက ဆေးရုံတွင် ခွဲစိတ်ကုသမှုပေးနေရကြောင်း ရဲက ဖြည့်စွက်ပြောသည်။

ပြီးခဲ့သည့်နှစ်က စကာ အစ္စရေးတွင် ပါလက်စတိုင်းတို့၏ သေနတ်ပစ်ခတ်မှုများ၊ ဓားခုတ်မှုများနှင့် ကားဖြင့်ဝင်တိုက်မှုများ စသဖြင့် တိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပွားရာသို့ လာရောက်ခဲ့သည့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ရိုင်းစိုင်းသည့် ရာဇဝတ်အကြမ်းဖက်မှုဖြစ်သည်ဟု ပြောခဲ့သည်။

တိုက်ခိုက်မှုက လူအများ စားသောက်ဆိုင်နှင့် ဘားများအတွင်း အေးအေးလူလူရှိနေစဉ် ဒေသစံတော်ချိန် ၂၁ နာရီ မိနစ် ၃၀ ခန့်က ဖြစ်ပွားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly