ဗုံးလန့်မှု ဖြစ်ပွားပြီး အီဂျစ်လေယာဉ်တစ်စီး ဥဇဘက်ကစ္စတန်တွင် အရေးပေါ် ဆင်းသက်ခဲ့ရ

ဗုံးလန့်မှု ဖြစ်ပွားပြီး အီဂျစ်လေယာဉ်တစ်စီး ဥဇဘက်ကစ္စတန်တွင် အရေးပေါ် ဆင်းသက်ခဲ့ရ

ကိုင်ရို၊ ဇွန် ၈ ။              ။ ကိုင်ရိုမှ ပေကျင်းသို့ ပျံသန်းလာသော အီဂျစ်လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ဇွန်လ ၈ ရက်က ဗုံးလန့်မှု တစ်ခု ဖြစ်ပွားပြီး ဥဇဘက်ကစ္စတန်တွင် အရေးပေါ်ဆင်းသက်ခဲ့ရသည်။

ယင်းနောက် ခရီးသည်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး လေယာဉ်ပေါ်တွင် ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိသည်။

ဇွန်လ ၇ ရက် ည ၁၁ နာရီ ခွဲအချိန်ခန့်က ကိုင်ရိုလေဆိပ်မှ ထွက်ခွာလာခဲ့ပြီး သုံးနာရီအကြာတွင် ဥဇဘက်ကစ္စတန်လေဆိပ်တွင် ယခုကဲ့သို့ အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။ အဆိုပါ Airbus A330-220 လေယာဉ်ပေါ်တွင် အမှုထမ်းများအပါအဝင် ခရီးသည် ၁၃၅ ဦးလိုက်ပါလာခဲ့သည်။

လေယာဉ်ပေါ်တွင် ဗုံးထောင်ထားကြောင်း လူတစ်ဦးက ကိုင်ရိုလေဆိပ်မှ တာဝန်ကျလုံခြုံရေးဌာနသို့ ဖုန်းဆက်ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ လေယာဉ်ကို အရေးပေါ် ဆင်းသက်စေခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အီဂျစ်လေကြောင်းလိုင်းလုပ်ငန်းတွင် ယခင်ကာလများက လေယာဉ်ပျက်ကျမှုများနှင့် လေယာဉ်မတော်တဆမှု ဖြစ်ရပ်များ ဖြစ်ပွားထားခဲ့သည်ကို လည်း တွေ့ထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly