နယူးယော့ခ်၊ ဇွန် ၃ ။ ။ ကမ္ဘာကျော်အဆိုတော် မက်ဒေါနား၏ ”Vogue” တေးသီချင်းတွင် အခြားသော တေးသံရှင် တစ်ဦး၏ တေးသီချင်း “Love Break”မှ တေးသီချင်း အတိုအထွာလေးသာ ပါဝင်သော်လည်း မက်ဒေါ နား၏ တေးသီချင်း “Vogue” သည် မူပိုင်ခွင့်ဥပဒေကို ချိုးဖောက်ခြင်းမဟုတ်ကြောင်း အမေရိကန် တရားရုံးက အမိန့် ထုတ်ပြန်သည်။
အဆိုပါတေးသီချင်း အတိုအထွာလေးသည် တစ်စက္ကန့်လောက်သာ ကြာခြင်းမရှိဘဲ နားထောင်သူများအနေဖြင့် သိလိုက်မှာတောင် မဟုတ်ကြောင်း တရားရုံးက ပြောကြားသည်။” သေချာ ဂရုစိုက် နားမထောင်လျှင် အလွယ်တကူ သိရှိနိုင်မှာ မဟုတ်ပါဘူး” ဟု တရားရုံးက ပြောကြားသည်။
“Vogue” တေးသီချင်းနှင့် “Love Break” တေးသီချင်းတို့ကို ထုတ်လုပ်သူ ရှပ်ပက်တီဘုန်းက ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး “Vogue” တေးသီချင်းတွင်ပါဝင်သော တေးအတိုအထွာသည် သုည ဒသမ ၂၃ စက္ကန့်သာ ကြာမြင့်ကြောင်း တရားရုံးက ပြောကြားသည်။
“Love Break” တေးသီချင်း မူပိုင်ခွင့်ကို ပိုင်ဆိုင်ထားသော VMG Salsoul LLC တေးထုတ် လုပ်ရေးကုမ္ပဏီက ပက်တီဘုန်းသည် ယခင်က ထုတ်လုပ်ခဲ့သော တေးသီချင်းမှ တေးနမူနာကို “Vogue” တေးသီချင်းတွင် ထည့်သွင်းခဲ့ကြောင်း တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထုတ်လုပ်သူ ပက်တီဘုန်းသည် ၁၉၈၀ ပြည့်လွန်နှစ်အစောပိုင်းက “Love Break” တေးသီ ချင်းကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။