မေ ၁၈၊ မန်ချက်စတာ ။ ။ မန်ယူအသင်းနည်းပြ လူးဝစ္စဗန်ဟားလ်က မန်ယူပရိသတ်များ၏ ရည်မှန်းချက်မှာ အလွန်မြင့်မားနေကြောင်း ပြောဆိုလိုက်သည်။
ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့သော ဘုန်းမောက်နှင့်ပွဲစဉ်တွင် မန်ယူအသင်းမှာ ၃-၁ ဂိုးဖြင့်အနိုင်ရခဲ့သော်လည်း အဆင့် ၅ နေရာသာ ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရသည်။
ထိုပွဲစဉ်တွင် မန်ယူပရိသတ်များမှာ ဗန်ဟားလ်ကို အော်ဟစ်လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြသလို အသင်းမှ ထွက်ခွာသွားရန်လည်း တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ လာမည့်စနေနေ့တွင် ပဲလေ့စ်အသင်းကို အနိုင်ယူပြီး အက်ဖ်အေဖလားရနိုင်ဖွယ်ရှိသေးသော်လည်း မန်ယူပရိသတ်များက ဗန်ဟားလ်ကို လှောင်ပြောင်ခဲ့ကြခြင်း ဖြစ်သည်။
ယခုနှစ်ရာသီတွင် ဆုဖလားများရည်မှန်းနေခြင်းက လက်တွေ့မကျကြောင်း ဗန်ဟားလ်က ပြောသည်။
'ဆုဖလားတွေရည်မှန်းနေတာက မျှော်လင့်ချက်မြင့်မားလွန်းပါတယ်။ မန်ယူပရိသတ်တွေက အများကြီး မျှော်လင့်နေကြတာပါ။ ဒါက ရည်မှန်းချက်အလွန်မြင့်မားတယ်လို့ ကျွန်တော်ထင်ပါတယ်။
အခုကျွန်တော်လုပ်ခဲ့တာထက်ပိုတဲ့ မှတ်တမ်းမျိုး ယူဆောင်လာပေးဖို့ လိုအပ်ကောင်း လိုအပ်ပါလိ့မ်မယ်။ ဒါပေမဲ့ မန်ယူကိုရောက်စက ကျွန်တော်ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့အသင်းက အပြောင်းအလဲတွေ ဖြစ်ပေါ်နေတဲ့ အချိန်ပါ' ဟု ဗန်ဟားလ်က ပြောဆိုခဲ့သည်။
ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း