မေ ၁၃၊ လီဗာပူးလ် ။ ။ ဘရာဇီးကွင်းလယ်ကစားသမား ဖိလစ်ပီကော်တင်ဟိုသည် လီဗာပူးလ်အသင်း၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။
ကော်တင်ဟိုသည် ပြီးခဲ့သည့် ရာသီကလည်း ထိုဆုကို ရရှိခဲ့ပြီး ၂ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခြင်း ဖြစ်သည်။ ထို့အပြင် ကော်တင်ဟိုသည် အကောင်းဆုံးသွင်းဂိုးဆုနှင့် တစ်နှစ်တာအတွင်းအကောင်းဆုံးခြေစွမ်းပြသနိုင်မှုဆုကိုလည်း ရရှိခဲ့သည်။
ယူရိုပါလိဂ်ပြိုင်ပွဲတွင် မန်ယူအသင်းဘက်သို့ သွင်းယူခဲ့သောဂိုးဖြင့် တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးဆုကို ရရှိခဲ့ခြင်း ဖြစ်ပြီး နိုဝင်ဘာလက မန်စီးတီးကို ၁-၄ ဂိုးဖြင့် အနိုင်ရသည့်ပွဲမှ ခြေစွမ်းပြမှုဖြင့် တစ်နှစ်တာအတွင်း အကောင်းဆုံးခြေစွမ်းပြသနိုင်မှု ဆုကို ရရှိခဲ့သည်။
ထို့အပြင် ကော်တင်ဟိုသည် ကစားသမားများမှ ရွေးချယ်သော အသင်းကြီး၏တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့သည်။ ထိုဆုလေးဆုစလုံးကို ပြီးခဲ့သည့်ရာသီကလည်း ကော်တင်ဟိုသာ ရရှိခဲ့သည်။
ကွင်းလယ်ကစားသမား အမ်မရီကန်မှ အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့ပြီး မာသာဟာရစ်က တစ်နှစ်တာအမျိုးသမီးအကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့သည်။ အကယ်ဒမီလူငယ်အကောင်းဆုံး ဘောလုံးသမားဆုကိုမူ ဘရက်စမစ်က ရရှိခဲ့သည်။
ရည်ညွှန်း ဒေးလီးမေးလ်