ဒီမိုကရက်တစ်ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း အကြိုရွေးကောက်ပွဲ ၌ ဟီလာရီ ကလင်တန် ရှုံးနိမ့်

ဒီမိုကရက်တစ်ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း အကြိုရွေးကောက်ပွဲ ၌ ဟီလာရီ ကလင်တန် ရှုံးနိမ့်

ဝါရှင်တန်၊ မေ ၁၁ ။                ။ အမေရိကန်နိုင်ငံတွင် သမ္မတရွေးကောက်ပွဲအတွက် ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း အကြိုရွေးကောက်ပွဲများ ကျင်းပနေလျက်ရှိရာ မေလ ၁၀ ရက်က အနောက်ဗာဂျီးနီးယား ပြည်နယ်၏ ဒီမိုကရက်တစ်သမ္မတလောင်း ရွေးကောက်ပွဲ၌ အထက်လွှတ်တော်အမတ် ဘာနေး ဆန်းဒါးက ဟီလာရီ ကလင်တန်အား အနိုင်ရရှိသွားသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

 ယခုကဲ့သို့ နိုင်ငံတောင်ပိုင်းပြည်နယ်တစ်ခုတွင် ဆန်းဒါးက ဟီလာရီအားအနိုင်ရရှိခဲ့ခြင်းက စက်မှုနယ်မြေပြည်နယ်များတွင် ရွေးကောက်ခံရာတွင် ဟီလာရီအတွက် အခက်အခဲ ကြုံတွေ့ရတတ်ခြင်းကို ထင်ထင်ရှားရှားတွေ့မြင်လိုက်ရခြင်းဖြစ်သည်။

အနောက်ဗားဂျီးနီးယားပြည်နယ် မဲဆွယ်ပွဲတွင် မဲရလဒ်ပေါင်း ၄၃ ရာခိုင်နှုန်း ရရှိခဲ့သော နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီအပေါ်  ဆန်းဒါးက မဲရလဒ်ပေါင်း ၄၈ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိသွားသည်ဟု သိရသည်။

ယခုကဲ့သို့ အနောက် ဗာဂျီးနီးယားတွင် ဆန်းဒါး အား ရှုံးနိမ့်ခဲ့သော်လည်း ဟီလာရီအတွက်မှာမူ လာမည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ အတွက် ဒီမိုကရက်တစ်ပါတီ သမ္မတကိုယ်စားလှယ်လောင်းဖြစ်ရန် ဆန်းဒါးအပေါ်တွင် အခွင့်အရေးအသာစီး ရယူထားနိုင်ဆဲဖြစ်သည်။

နိုဝင်ဘာလတွင် ရီပတ်ပလစ်ကန် ဘက်မှ ဒေါ်နယ်ထရန့် အား ယှဉ်ပြိုင်နိုင်ရန်အတွက် ဟီလာရီအနေဖြင့် အခြား အဓိကကျသည့် ပြည်နယ်များဖြစ်သော Ohio နှင့် Pennsylvania ပြည်နယ်များတွင် အနိုင်ရရှိရန် လိုအပ်လာမည်ဖြစ်သည်။

အနောက်ဗာဂျီးနီးယား နှင့် နီဗရာစကာ ပြည်နယ်ရွေးကောက်ပွဲများတွင် ရီပတ်လစ်ကန်ပါတီဘက်တွင်မူ ဒေါ်နယ်ထရန့်က အလွယ်တကူပင်အနိုင်ရရှိသွားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly