"စစ်ကောင်စီက သူတို့အခက်အခဲကို ငြိမ်းချမ်းရေးတို့ တွေ့ဆုံဆွေးနွေးရေးတို့နဲ့ ထွက်ပေါက်ရှာတတ်တယ်"

By မိုးသောက်(မဇ္ဈိမ)
13 December 2023
"စစ်ကောင်စီက သူတို့အခက်အခဲကို ငြိမ်းချမ်းရေးတို့ တွေ့ဆုံဆွေးနွေးရေးတို့နဲ့ ထွက်ပေါက်ရှာတတ်တယ်"

စစ်ကောင်စီနဲ့ မြောက်ပိုင်းအဖွဲ့သုံးဖွဲ့တို့ တရုတ်နိုင်ငံမှာတွေ့ဆုံခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ စစ်ကောင်စီဘက်က ဒီဇင်ဘာလ ၁၁ရက်နေ့မှာ ထုတ်ပြောလာကြပါတယ်၊၊

မြောက်ပိုင်းညီနောင်သုံးဖွဲ့လို့ခေါ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က  အောက်တိုဘာလ ၂၇ ရက်နေ့မှာ  “၁၀၂၇” စစ်ဆင်ရေးကို စတင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွှဲထားနိုင်ပါတယ်၊၊

ဒီအချိန်မှာ တွေ့ဆုံဆွေးနွေးမှုပေါ်လာတာဖြစ်တဲ့အတွက် ဆွေးနွေးပွဲပါအကြောင်းအရာတွေကို စိတ်ဝင်စားနေကြပါတယ်၊၊ တရုတ်နိုင်ငံမှာ စစ်ကောင်စီနဲ့မြောက်ပိုင်းသုံးဖွဲ့ တွေ့ဆုံမှုနှင့်ပတ်သက်ပြီး တရုတ်−မြန်မာအရေးလေ့လာသုံးသပ်သူဒေါက်တာလှကျော်ဇောကို ဆက်သွယ်မေးမြန်းထားခြင်းဖြစ်ပါတယ်၊၊
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly