မြန်မာနိုင်ငံတွင်းရှိအကြမ်းဖက်မှုများနှင့်ပတ်သတ်သည့်အစီရင်ခံစာပါ စစ်ကောင်စီပြောဆိုမှု အမေရိကန်ရှင်းလင်း

မြန်မာနိုင်ငံတွင်းရှိအကြမ်းဖက်မှုများနှင့်ပတ်သတ်သည့်အစီရင်ခံစာပါ စစ်ကောင်စီပြောဆိုမှု အမေရိကန်ရှင်းလင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကမ္ဘာ့လုံးဆိုင်ရာအကြမ်းဖက်မှု လေ့လာဆန်းစစ်ရေးစင်တာ (Global Terrorism Trends and Analysis Center-GTTAC)ရဲ့  ၂၀၂၂ ခုနှစ် အကြမ်းမှုဖက်နဲ့သက်ဆိုင်တဲ့ အညွှန်းကိန်းအစီရင်ခံစာအရ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ ထက်ဝက်ခန့်ဟာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ သက်ဆိုင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ရည်ညွှန်းပြောဆိုနေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၂၂ ခုနှစ် နိုင်ငံအလိုက် အကြမ်းဖက်မှုအခြေအနေအစီရင်ခံစာပါ အချက်အလက်တွေဟာ သီးခြားအစီရင်ခံစာတခုရဲ့ ပူးတွဲဖော်ပြချက်သာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ မူဝါဒဆိုင်ရာထုတ်ပြန်ချက်မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူက တုံ့ပြန်ပြောဆိုထားပါတယ်။

GTTAC ဟာ ကမ္ဘာ့တစ်ဝန်း အကြမ်းဖက်မှုတွေကို ပုံမှန်စောင့်ကြည့်ကာ  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြမ်းဖက်မှုတန် ပြန်တိုက်ဖျက်ရေးဗျူရိုသို့ နှစ်စဉ်အစဉ်ခံစာ တင်သွင်းရခြင်းဖြစ်ကာ အဆိုပါအစီရင်ခံစာ ကို ၂၀၂၃ ခုနှစ် ဧပြီလကတည်းက တင်သွင်းထားခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှာ ပြင်ပသို့ တရားဝင်ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကနေ ဖြစ်လာတဲ့ တိုက်ရိုက်အကျိုးဆက်တွေဖြစ်သလို စစ်တပ်က မြန်မာလူထုကို အကြမ်းဖက်နှိမ်နင်းမှုရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေ’လို့ အမေရိကန်နိုင်ငံခြားရေးဌာနတုံ့ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီဟာ အရပ်သားထောင်နဲ့ချီသတ်ဖြတ်ခဲ့သလို ဒီမိုကရေစီခေါင်းဆောင်တွေကို ထောင်သွင်းအကျဉ်းချတာ၊ သတ်ဖြတ်တာတွေလုပ်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ မြန်မာလူထုအပေါ် အကြမ်းဖက်ရက်စက်မှုတွေကို အရေးယူနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူက ‌ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖြေရှင်းတုံ့ပြန်လိုက်တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့  အကြမ်းဖက်မှုဖြစ်စဉ်များအနက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က လုပ်ဆောင်မှုဟာ အကြမ်းဖက်မှုအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းဖြစ်ကြောင်း GTTAC ကဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်အတွင်းမြန်မာနိုင်ငံဟာ အကြမ်းဖက်မှုအဖြစ်အများဆုံးနဲ့ အကြမ်းဖက်မှုကြောင့်‌ေ-သဆုံးရသူအများဆုံးဆယ်နိုင်ငံမှာ ပါဝင်နေတယ်လို့လည်း အဆိုပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သုတေသနပြုချက်အရ ၂၀၂၂ ခုနှစ်အတွင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ဆီးရီးယား၊နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊အိန္ဒိယ၊အီရတ်၊ယီမင်၊မြန်မာ၊ဘာကီနာဖာဆိုနှင့် ဆိုမာလီယာတို့ဟာ အကြမ်းဖက်မှုအဖြစ်အများဆုံးနိုင်ငံဆယ်နိုင်ငံဖြစ်ကြောင်းလည်းသိရပါတယ်။

မြန်မာနိုင်ငံက ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုကြောင့် ‌ေ-သဆုံးသူ ၂,၁၃၀ ဦးဖြင့် တတိယနေရာတွင်ရှိနေခဲ့ကြောင်းလည်း သုတေသနပြုချက်မှာ ဖော်ပြသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ  ဖြစ်ပွားတဲ့အကြမ်းဖက်မှုတေမှာ ‌ေ-သနတ်နဲ့ပစ်ခတ်မှု ၃၈ ရာခိုင်နှုန်း၊မိုင်းခွဲမှုများ ၂၁ ရာခိုင်နှုန်းနဲ့ ဗုံးခွဲမှုများ ၁၉ ရာခိုင်နှုန်းတို့ဖြစ်တယ်လို့လည်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူတွေအပေါ် ဖိနှိပ်နေတဲ့ မြန်မာစစ်ကောင်စီကို အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ရှုတ်ချထားပြီး ဒဏ်ခတ် အရေးယူပိတ်ဆို့မှုတွေ ထပ်တိုးချမှတ်နေတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly