နွေဦးတော်လှန်ရေး အရှိန်မြှင့်တင်လာတာနဲ့အမျှ အကြမ်းဖက် စစ်ကောင်စီဘက်က နည်းမျိုးစုံနဲ့ အကြမ်းနည်း၊ အနုနည်းတွေသုံးပြီး ယုတ်မာမှုတွေ ပိုများလာတာ တွေ့နေရပါတယ်။
အကြမ်းဖက် စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး ပိုမိုတိုက်ခိုက်တာ၊ တစ်နေရာတည်းကိုပဲ လေကြောင်းကနေ အကြိမ်ကြိမ်တိုက်ခိုက်တာ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်လို့ ပြည်သူတွေ သေကြေရတာတွေက အကြမ်းနည်းနဲ့ ယုတ်မာတာတွေ ဖြစ်ပါတယ်။
အနုနည်းနဲ့ ယုတ်မာတယ် ဆိုတာကတော့ သတင်းမှားတွေ ပြည်သူကြားကို ဖြန့်တာ၊ တိုင်းရင်းသားအချင်းချင်း၊ တော်လှန်ရေး တပ်ဖွဲ့တွေအချင်းချင်း သွေးကွဲအောင် သပ်လျှိုဖို့ ကြိုးစားတာတွေ ဖြစ်ပါတယ်။