စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ မင်းတိုင်ပင် ကျေးရွာအနီးက NUGကြားကာလတရားစီရင်ရေး တရားရုံးကို ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းအချိန်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူတွေရှိတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတဦးကပြောပါတယ်။
စစ်ကောင်စီတပ်က အခုလို လေကြောင်းသုံး တိုက်ခိုက်တဲ့အတွက် ဒေသခံတွေဟာလည်း အရေးပေါ်စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
တင်ဆက်− လွှမ်းမိုး
ရုပ်သံတည်းဖြတ် −ရွှေနွယ်
#Mizzima
#ကြားကာလ တရားစီရင်ရေး တရားရုံး