၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ထိုးစစ်ဆင်တိုက်ခိုက်ခံရပြီးတဲ့နောက် မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်မျက်နှာ ဖွင့်ထားရတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အထိနာနေပါတယ်။
စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်ကို စွန့်ခွာပြီး အလင်းဝင်ကြဖို့နဲ့ အလင်းဝင်တာဟာ အညံံ့ခံတာမဟုတ်ဘဲ အမှန်တရားဘက်ကိုရပ်တည်တာဖြစ်တဲ့အတွက် နွေးထွေးစွာကြိုဆိုနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရသမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။
တည်းဖြတ်/တင်ဆက် - ရောင်နီ