ဆော်ဒီအာရေဗီးယားက ခြေစမ်းပွဲတွေကို အင်တာမိုင်ယာမီ အတည်ပြု

ဆော်ဒီအာရေဗီးယားက ခြေစမ်းပွဲတွေကို အင်တာမိုင်ယာမီ အတည်ပြု

လီယွန်နယ် မက်ဆီနဲ့ ပြိုင်ဘက်ဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကြား ပြိုင်ဆိုင်မှုလည်းပါဝင်မှာဖြစ်တဲ့ လာမယ့်နှစ်  ဆော်ဒီအာရေဗီးယားမှာ ပြုလုပ်မယ့် ခြေစမ်းပွဲနှစ်ပွဲရဲ့ အချက်အလက်တွေကို အင်တာမိုင်ယာမီက တနင်္လာနေ့မှာ အတည်ပြုခဲ့ပါတယ်။

မေဂျာလိဂ်ဘောလုံးကလပ်ဟာ ရက်အတိအကျကို အတည်မပြုထားဘဲ ရီယာ့ဒ်မှာ ရော်နယ်လ်ဒိုရဲ့ အယ်လ်-နာဆာနဲ့ ရင်ဆိုင်ရမယ့် အသင်းအတွက် အစီအစဉ်တွေကို ကြေညာထားပြီးဖြစ်ပါတယ်။

အသင်းဟာ ဇန်နဝါရီ ၂၉ ရက်မှာ ရီယာ့ဒ်ရှိ Kingdom Arena မှာ ဆော်ဒီကလပ်ကြီး အယ်လ်ဟီလာကို ယှဉ်ပြိုင်ကစားမယ်လို့ အင်တာမိုင်ယာမီက တနင်္လာနေ့မှာ ပြောပါတယ်။

အဲဒီနောက် သူတို့ဟာ ဖေဖော်ဝါရီ ၁ ရက်မှာ အလားတူကွင်းမှာပဲ အယ်လ်-နာဆာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ ၂၀၀၈ မှာ ပထမဆုံးတွေ့ဆုံမှုမှစလို့ ဆယ်စုနှစ်များကြာအောင်ယှဉ်ပြိုင်ခဲ့တဲ့ သူတို့နှစ်ဦးကြား အခု နောက်တကြိမ် ပြန်လည်ဆုံတွေ့ခွင့်ရမှာလည်းဖြစ်ပါတယ်။

"ကျနော်တို့တွေ ရာသီသစ်ကို ချဉ်းကပ်လာတဲ့အတွက် ဒီပွဲတွေက ကျနော်တို့အသင်းအတွက် အရေးကြီးတဲ့ စမ်းသပ်မှုတွေကို ပေးစွမ်းမှာပါ"လို့ မိုင်ယာမီအသင်းအကြီးအကဲနဲ့ အားကစားဒါရိုက်တာ ခရစ်ဟန်ဒါဆန်က ပြောပါတယ်။

ဆော်ဒီအာရေးဗီးယား ပွဲစဉ်တွေအပြီးမှာ မိုင်ယာမီအသင်းဟာ ဖေဖော်ဝါရီ ၄ ရက်မှာ တရုတ် ပထမတန်းမှ အသင်းတသင်းနဲ့ ကစားဖို့ သွားရောက်မှာပါ။

အဲဒီနောက် အသင်းဟာ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ MLS ရာသီစတင်ဖို့အတွက် အမေရိကန်သို့ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly