မြန်မာနိုင်ငံ မြို့နယ်အနှံ့အပြားမှာ စက်သုံးဆီ ပြတ်လပ်မှု ပြဿနာကို ကြီးမားစွာ ရင်ဆိုင်နေရပါတယ်။ အချို့နေရာတွေမှာ စက်သုံးဆီတလီတာကို ပြင်ပပေါက်ဈေး သောင်းဂဏန်းအထိ ရှိပြီး လိုသလောက်ဝယ်ယူလို့မရတာနဲ့ ဆီတလီတာအတွက် အချိန်ကြာမြင့်စွာ တန်းစီနေရတဲ့ ဒုက္ခတွေကို ပြည်သူတွေက ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ ဒီစက်သုံးဆီပြတ်လပ်မှုနဲ့ပတ်သက်ပြီး သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းနဲ့ သတင်းထောက် ဂျူချန်းတို့က မဇ္ဈိမ Editorial Talk အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
#Editorialtalk
#စက်သုံးဆီ
#ဆီပြတ်လပ်မှု
#ကုန်ဈေးနှုန်း
#စစ်ကောင်စီ