ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဆင်ရေး ၁၀၂၇ စတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ဒီဇင်ဘာ ၈ ရက်နေ့အထိ
ထိတွေ့တိုက်ပွဲတွေကြောင့် ကလေးငယ် ၂၀ ဦးသေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီး အစည်းအရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက နမ်းခမ်း၊ မူဆယ်၊ ကွတ်ခိုင် ၊ ကျောက်မဲ ၊နောင်ချို ၊သီပေါ၊ လောက်ကိုင်၊ ကြူဆိုင်း ပန်ကုတ်စတဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြို့နယ် ၁၅ ခုဝန်းကျင်က ကလေးငယ်တွေ ထိခိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
သေဆုံးတဲ့ ကလေးငယ်တွေဟာ အသက် လေးလ သားကနေ ၁၆ နှစ်အရွယ်အထိ ပါဝင်နေတယ်လို့ တအာင်းအမျိုးသမီး အစည်းအရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာလ ၇ ရက်နေ့အထိ စစ်ဆင်ရေး ၁၀၂၇ ကာလအတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် ဒေသခံ ၆၀ ကျော် သေဆုံးခဲ့ပြီး ၁၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော်က ထုတ်ပြန်ထားပါတယ်။
တင်ဆက်၊တည်းဖြတ် -KMN
#Mizzima