ယခု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ပထမပတ် အတွင်း စက်သုံးဆီပြတ်လပ်မှု ပြန်လည်ဖြစ်ပေါ်နေပြီး အဝေးပြေးဂိတ်ရှိ ယာဉ်လိုင်းအချို့ ရပ်နားထားကြောင်း သိရသည်။
‘’ကားတွေကမထွက်တာတော့ မဟုတ်ဘူး၊ထွက်တယ်အချိန်တွေက ကမောက်ကမတွေ ဖြစ်ကုန်တယ်။ဥပမာ-ညနေ ၆နာရီထွက်မယ့်ကားတွေက အရင်ကဆိုရင် မြို့အထွက်တွေမှာ ဆီဖြည့်ပြီးတော့ ထွက်ကြရတယ်။ အခုဆီဆိုင်တွေက ဆီမရတော့ တန်းစီရတာနဲ့ ဆီမရတာနဲ့ အချိန်မီမထွက်နိုင်တော့ဘူး၊ဒါကြောင့်တချို့ဂိတ်တွေ ပိတ်ထားကြရတယ်’’ဟု အဝေးပြေးယာဉ်လိုင်းများထံမှ သိရသည်။
ရန်ကုန်နှင့် မော်လမြိုင်သို့ ပြေးဆွဲနေသည့် ယာဥ်ပိုင်ရှင် တဦးကလည်း လက်ရှိတွင် စက်သုံးဆီ အခက်အခဲကြောင့် ယာဥ်လိုင်းရှိ ယာဥ်တချို့ ရပ်နားထားရကြောင်း ပြောသည်။
“ စက်သုံးဆီစျေးနှုန်းကလည်း စျေးကြီးနေတော့ လက်မှတ်စျေးတွေကလည်း နည်းနည်းတက်တယ်။ ပြီးတော့ စက်သုံးဆီမရတော့ ယာဥ်တွေထွက်ရတာ အခက်အခဲရှိတယ်။ အခုတော့ ရပ်ထားတယ် ။ အခြေအနေ တချက်စောင့်ကြည့်ရဦးမယ် ” ဟု ယာဥ်ပိုင်ရှင် အမျိုးသမီးကပြောသည်။
အဝေးပြေးယာဉ်လိုင်း ၂၁၉ မှ ယာဉ်အစီးရေပေါင်း ၆၀၀ကျော်သည် နေစဥ် ရန်ကုန်မှ အနယ်နယ် အရပ်ရပ်သို့ ပြေးဆွဲပေးနေသည်ဟုလည်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး