ဒေါ်လာဈေးကွက် ပြန်ဖွင့်ပေးလိုက်ရလောက်အောင် ရုပ်ပျက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ

By မဇ္ဈိမ 
08 December 2023
ဒေါ်လာဈေးကွက် ပြန်ဖွင့်ပေးလိုက်ရလောက်အောင် ရုပ်ပျက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ

အကြမ်းဖက် စစ်ကောင်စီက သွင်းကုန်သမားတွေကို ဗဟိုဘဏ်က ဈေးကွက် ပေါက်ဈေးထက် သက်သာတဲ့ သတ်မှတ်နှုန်းထားနဲ့ နိုင်ငံခြားငွေ ရောင်းချပေးမှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီး အပြင်ဈေးကွက် ပေါက်ဈေး အတိုင်း ရောင်းဝယ်ကြဖို့ ကြေညာလိုက်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က ဒီဇင်ဘာ ၆ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ နိုင်ငံခြားသုံးငွေ ရောင်းဝယ်တဲ့ လိုင်စင်ရဘဏ်တွေမှာ ဒေါ်လာအရောင်းအဝယ်ကို ဗဟိုဘဏ်က ဈေးမသတ်မှတ် ပေးတော့ဘဲ အပြင်ဈေးကွက်ထဲမှာ နိုင်ငံခြားငွေ ရောင်းဝယ်သူတွေ တင်သွင်းတဲ့ ငွေလဲနှုန်းအပေါ် မူတည်ပြီး ပေါက်ဈေး အတိုင်း လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ပြီလို့ ဖော်ပြထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly