ကမ္ဘာ့ ပထမဆုံး ဉာဏ်ရည်တုခေါ် အေအိုင် ဆိုင်ရာ ဥပဒေ ပြဌာန်းချက်တွေ အဖြစ် သိထားကြတဲ့ ဥပဒေ မူကြမ်း ကို ဆက်ဆွဲမလား၊ ရပ်လိုက်မလား ဆိုတဲ့ အဖြစ် ဥရောပ သမဂ္ဂ ပါလီမန် က ရင်ဆိုင်နေရပါတယ်။ လူလို လုပ်နိုင်တဲ့ အေအိုင် နည်းပညာပေါ်လာခဲ့တာကြောင့် သဘောကွဲနေကြတဲ့ နိုင်ငံတွေကြား စေ့စပ်ညှိုနှိုင်းပေးနေကြသူတွေအတွက် စိန်ခေါ်ချက်တွေ ကို ရင်ဆိုင်နေကြရပါတယ်။ အေပီ သတင်းဆောင်းပါး ကို အခြေခံပြီး၊ ဦးတင်မောင်သန်း က တင်ဆက်ထားပါတယ်။