စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် သံဘိုကျေးရွာကို စစ်ကောင်စီက အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် သံဘိုကျေးရွာနေ အမျိုးသမီး သုံးယောက် သေဆုံးခဲ့ပြီး အသက်နှစ်နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။
သံဘိုကျေးရွာက ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက စုန်းချောင်းရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် ဖြစ်ပွားကတတည်းက စစ်ဘေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပြီး သံဘိုရွာထဲကို ပြန်လည်နေထိုင်ကြတာ တလလောက်ပဲ ရှိသေးတယ်လို့ သိရပါတယ်။
မနေ့က ဖြစ်စဉ်ကြောင့် တရွာလုံး ထိတ်လန့်နေကြပြီး ဒေသခံအချို့ဟာ အနီးအနားကျေးရွာတွေမှာ ထပ်မံတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ရုပ်သံတင်ဆက်/တည်းဖြတ်-ဂျူချန်း