အောက်တိုဘာ ၇ ရက် အစ္စရေးကို ဟားမတ်စ်အကြမ်းဖက်တွေ တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် နှစ်ဘက်အခြေအနေတွေတင်းမာနေခဲ့တာပါ။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့ Manhattanအရပ်က ပါလက်စတိုင်း စားသောက်ဆိုင်တခုကတော့ ဂျုးလူမျိုးစားသုံးသူတွေရဲ့ အားပေးမှုကိုရနေတဲ့အကြောင်း နယူးယောက်မြို့ကနေ Johny Fernandez သတင်းပေးပို့ထားပါတယ်။ မမြသဇင်အောင် တင်ဆက်ထားပါတယ်။