ဘန်ကောက်၊ ဧပြီ ၂၈ ။ ။ ထိုင်းနိုင်ငံတွင် နှစ်ပေါင်း ၆၅ နှစ်တာကာလအတွင်း အရှည်ာကာဆုံး အပူလှိုင်းကျရောက်ခြင်းနှင့် ကြုံတွေ့နေရာ ပြည်သူများအား ပူပြင်းသည့်ရာသီဥတုကြောင့် အိမ်တွင်းမှာပင်နေကြပြီး ရေကို ပိုမိုများများသောက်ပေးကြရန် အာဏာပိုင်များက တိုက်တွန်းထားသည်။
ဧပြီလအတွင်း ထိုင်းဒေသများစွာတွင် ပျမ်းမျှအပူချိန် ၄၀ ဒီဂရီဆဲလ်စီးရပ်စ်အထက်တွင် ရောက်ရှိနေသည်။
တစ်နိုင်ငံလုံးပျမ်းမျှအပူချိန်က သတိပေးချက်အဆင့်ကို ကျော်လွန်ကာ အပူလှိုင်းဆက်လက်ဖြစ်ပေါ်ဦးမည်ဟု ထိုင်းမိုးလေဝသဌာနက ခန့်မှန်းထားကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြသည်။
ဧပြီလအတွင်း ဒေသအများစုတွင် ပျမ်းမျှအပူချိန် ၄၀ ဒီဂရီဆဲလ်စီးရပ်စ်ကျော်ပြီး တစ်ချို့ဒေသများတွင် ၄၄ ဒဿမ ၃ ဒီဂရီဆဲလ်စီးရပ်စ်အထိ ကျော်လွန်ကြောင်း ယင်းသတင်းတွင်ဖော်ပြသည်။
ထိုသို့ ရာသီဥတုပူပြင်းသည့်ကြား ကလေးငယ်များက ကမ်းခြေ၊ ကန်၊ အင်းအိုင်တို့တွင် ရေစိမ်ရေကူးခြင်းများ ရှိနေကြာရာ ရေနစ်မည်ဘေးအတွက်လည်း အာဏာပိုင်များက ပြည်သူများထံ သတိပေးချက်များ ထုတ်ပြန်ထားရသည်။
ယခုဧပြီလမှစကာ ထိုင်းကလေးငယ် ၁၃၅ ဦး ရေနစ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။