ဥရောပ ငါးနိုင်ငံနဲ့ ကနေဒါတို့ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ ဂမ်ဘီယာကမြန်မာနိုင်ငံကိုစွပ်စွဲ ထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု(ဂျီနိုဆိုက်)အမှုမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့အတွက် ကြိုးစားနေပြီဖြစ်ပါတယ်။ နိုဝင်ဘာ ၁၆ ရက်မှာ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နဲ့ ဗြိတိန်တို့ ဟာ ကနေဒါနဲ့ ပူးပေါင်းပြီး အမှုမှာကြားဝင်ဆောင်ရွက်ခွင့် ကြေညာလွှာတစ်စောင် တင်သွင်းခဲ့တယ်လို့ ကြေညာသွားခဲ့တာပါ။
ဒါ့အပြင် မော်လ်ဒိုက်ကလည်း သီးခြားကြေညာလွှာတစ်စောင် တင်သွင်းခဲ့တယ်လို့ဆိုထားပါတယ်။