ဒီဇင်ဘာ ၁ ရက်၊ ၂၀၂၃ ခုနှစ်
ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့သည် ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ဖြစ်ပါတယ်။ ဒီနေ့ရောက်တဲ့အခါ ပြည်သူတွေကြားထဲမှာ အနီရောင်သင်္ကေတ ဖဲကြိုးလေးတွေကို ဝတ်ဆင်ကြပါတယ်။ ဒီအဓိပ္ပါယ်ဟာ AIDS ရောဂါကြောင့် သေဆုံးသွားတဲ့ သူတွေကို သတိရတဲ့ အကြောင်း သင်္ကေတလေးဖြစ်ပါတယ်။
ဒီရောဂါစတင်ပေါ်ပေါက်ခဲ့စဉ် အစောပိုင်းကာလက တုန်းကဆိုရင် ဒီကူးစက်ခံရသူတွေကို ရွံစရာကောင်းတဲ့လူတွေအဖြစ်မြင်ကြပြီး၊ ရှောင်ဖယ်ကြတာတွေ၊ လူ့အသိုင်းအဝိုင်းက ဖယ်ကြဉ်ပြီး အပေါင်းအသင်းမလုပ်ပဲ အထီးကျန်အောင် သီးသန့်ထားတာတွေပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီကနေ့ခေတ်မှာ ဒီရောဂါက ကုသနိုင်တဲ့ရောဂါ မဟုတ်သည့်တိုင်အောင် ကာကွယ်နိုင်တဲ့ရောဂါအဖြစ် လက်ခံလာကြပါတယ်။
ဒီအကြောင်းအပါအဝင် ဒုတိယဝန်ကြီးရဲ့ “ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့” သတင်းစကား ၃ မိနစ်စာ ဗီဒီယိုလေးကို ကြည့်ရှုပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ရပါတယ်။