ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကနေ ဒုက္ခသည် အယောင်ဆောင် ထွက်ပြေးတဲ့ စစ်ကောင်စီ လက်အောက်ခံ လဝက ဝန်ထမ်းနဲ့ မိသားစုဝင်တွေကို MNDAA က တစ်ည ထိန်းသိမ်းထားပြီး လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ သိရပါတယ်။
လဝကဝန်ထမ်းနဲ့ မိသားစုဝင်တွေကို MNDAA က တစ်ညဖမ်းဆီး စစ်ဆေးခဲ့ပြီးတော့ လူသားချင်း စာနာ ထောက်ထားမှုအရ လွတ်ငြိမ်းခွင့် ပေးခဲ့တာလို့သိရပါတယ်။