တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် နိုဝင်ဘာ ၂၉ ရက်နေ့ နေ့လယ်က ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရ သည်။
အဆိုပါ လှုပ်ရှားမှုကို စစ်ကောင်စီ၏ အခြေခံစီးပွားရေးဒေါက်တိုင်များကို ပြည်သူလူထုအားနှင့် ဆန့်ကျင်ဖြိုချကြဖို့ ပြည်သူ့ဘဏ္ဍာရေးစနစ်ကို တည်ဆောက်ကြဖို့ တိုက်တွန်းလှုံ့ဆော်သည့် အနေဖြင့် ‘ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်’ဆိုသည့် ဘန်နာကို ကိုင်ဆွဲကာ လှုပ်ရှားခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။