ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်ပွါးနေတာဖြစ်ပြီး စစ်ကောင်စီက အရပ်သားတွေကို ဦးတည်ပြီးတော့ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲထဲမှာပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိနေပြီးသူတို့ကိုကယ်ထုတ်ဖို့ကြိုးစားနေတယ်လို့ AAရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မဇ္ဈိမကိုပြောပါတယ်။
ရက္ခိုင်တပ်တော်နဲ့ စစ်ကောင်စီတိုက်ပွဲတွေဖြစ်ပွားနေတဲ့ နိုဝင်ဘာလ ၁၆ရက်နေ့စပြီးတော့ ဒေသခံတွေက ပေါက်တောမြို့ထဲမှာ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။
ပေါက်တောမြို့နယ်မှာ စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ပြန်ပေးဆွဲထားတဲ့ လူပေါင်း ၁၈၀ ကျော်အနက် ၁၂၀ ဦးကို နိုဝင်ဘာလ ၂၁ ရက်နေ့က ကယ်ထုတ်ခဲ့တဲ့အကြောင်း ရက္ခိုင့်တပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၃ ရက်နေ့မှာလည်း အရပ်သား ၁၀၄ ဦးအား ထပ်မံကယ်ထုတ်နိုင်ခဲ့တဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တည်ဖြတ်/တင်ဆက်- မိုးသောက်