“စစ်မှန်တဲ့စကားပြောဆိုမှုကိုလက်ခံပါတယ်”
(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ရုံးက ကျင်းပတဲ့ အစည်းအဝေးတွေကို အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ဂျာကာတာမြို့မှာ နိုဝင်ဘာလ ၂၀ရက်နေ့ကနေ ၂၂ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ( NUG )၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ ဒီမိုကရေစီအရေး လိုလားသူတွေအပြင် စစ်ကောင်စီဘက်ကနေ ကိုယ်စားပြုဆွေးနွေးပြောဆိုမယ့်သူတွေ တက်ရောက်ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လာပါတယ်။
NUGကတော့ ဒါဟာ အထူးသံသမံရုံးကနေ ကောက်ချက်ချတာဖြစ်ပြီး NUGနဲ့ မသက်ဆိုင်ဘူးလို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။
မေးမြန်း/တည်းဖြတ်−ရွှေနွယ်
Mizzima
ဆက်သွယ်မေးမြန်းချက်