မြန်မာနိုင်ငံတဝှမ်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ပွဲအရှိန်မြှင့်တင်ပြီး အကြမ်းဖက် စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေချိန်မှာ ဦးဆောင်သူတွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ - NUG ကလည်း သံတမန်ရေးအရ အောင်မြင်မှုတွေ ရရှိဖို့ ကြိုးပမ်းနေတာ တွေ့ရပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးတဲ့ ဂျပန်နိုင်ငံ လွှတ်တော် အမတ်များသမဂ္ဂ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။