စစ်ကောင်စီ စိုးရိမ်နေတဲ့ ရခိုင်စစ်မျက်နှာစပြီ

By မဇ္ဈိမ 
20 November 2023
စစ်ကောင်စီ စိုးရိမ်နေတဲ့ ရခိုင်စစ်မျက်နှာစပြီ

စစ်ကောင်စီ စိုးရိမ်နေတဲ့ ရခိုင်ဒေသမှာ ရက္ခိုင့်တပ်တော်(AA)က စစ်မျက်နှာစဖွင့်လိုက်ပြီဖြစ်ပါတယ်။မြန်မာပြည် အထက်ပိုင်းနဲ့ အလယ်ပိုင်းမှာ တိုက်ပွဲတွေအရှိန်မြှင့်နေချိန် ရခိုင်ဘက်ကိုကူးလာမှာကြောက်နေတဲ့ စစ်ကောင်စီ အတွက်တော့ အရူးမီးဝိုင်း ဖြစ်သွားခဲ့ပါတယ်။စစ်ဆင်ရေး ၁၀၂၇ မှာ ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့အတူ စစ်ဆင် ရေးဖော်ဆောင်နေတဲ့ရက္ခိုင့်တပ်တော်(AA) ဟာ နိုဝင်ဘာ ၁၃ ရက် မနက်အစောပိုင်းကစပြီး ရခိုင်ပြည်နယ်ထဲမှာ စစ်မျက်နှာစဖွင့်လိုက်တာပါ။ ရသေ့တောင်မြို့နယ်၊ အငူမော်-မောင်တော ကားလမ်းပေါ်မှာရှိတဲ့ ဒုံးပိုက်စခန်းနဲ့ချိန်ခါလိန် နယ်ခြားစောင့် ရဲစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ဆင်ရေးစလိုက်တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly