နိုဝင်ဘာ ၆ ရက်နေ့ကို စစ်ပွဲတွေကြောင့် သဘာဝဝန်းကျင် ထိခိုက်ပျက်စီးတာကို တားဆီးတဲ့ နိုင်ငံတကာ နေ့အဖြစ် သတ်မှတ်ထားတာပါ။ ယူကရိန်း ရှေ့နေချုပ် ရုံးရဲ့ စာရင်းကိန်းဂဏန်းတွေအရ ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုပမာဏ အမေရိကန်ဒေါ်လာ ၅၆ ဘီလျံဖိုးလောက် ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် Kakhovka ရေကာတာ ပျက်စီးသွားတာကြောင့် သဘာဝဝန်းကျင်ကို အတော်လေး ထိခိုက်ပျက်စီးစေခဲ့တာပါ။ ခုအခါ သဘာဝဝန်းကျင် ထိခိုက်ပျက်စီးစေတဲ့ ရာဇဝတ်မှုတွေကို ဖေါ်ထုတ်ဖို့ ယူကရိန်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားသူတွေနဲ့ တာဝန်ရှိသူတွေ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ Lesia Bakalets သတင်းပေးပို့ထားတာကို ကိုစံကျော် တင်ဆက်ထားပါတယ်။
စစ်ပွဲကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတိုး | VOA on Mizzima
17 November 2023
စစ်ပွဲကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတိုး | VOA on Mizzima