မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း ဓာတ်ဆီ 95 ၀ယ်ရခက်နေပြီး စျေးလည်းပုံမှန်ထက် ၁၀၀ ကျပ်ခန့်တက်သွားကြောင်း မြို့ခံများထံမှ သိရသည်။
“95 ပြတ်နေတာပါ၊ ဆိုင်ကြီးတွေမှာတောင် ၀ယ်မရဘူး၊ ဆီစျေးတက်တာတို့ ဆီပြတ်တာတို့ ဆီနဲ့ပတ် သက်ပြီးကမောက်ကမဖြစ်ပြီဆိုရင် မန္တလေးမှာ 95 ရှားသွားတယ်၊ ၀ယ်မရတော့ဘူး”ဟု အငှားယာဉ် မောင်းတဦးက ပြောသည်။
ရန်ကုန်မြို့တွင် စက်သုံးဆီပြတ်လပ်မှုဖြစ်နေချိန် မန္တလေးမြို့တွင်လည်း ဓာတ်ဆီ 95 ၀ယ်ရခက်နေပြီး တလခန့်အကျစျေးဖြင့်တည်ငြိမ်နေရာမှ ယမန်နေ့ နို၀င်ဘာလ ၁၂ ရက်နေ့တွင် တလီတာလျင် ပုံမှန်ထက် ၁၀၀ ကျပ်ခန့် စျေးနှုန်းမြင့်တက်သွားကြောင်း သိရသည်။
“95 က ၂၂၁၀၊ 92 က ၂၁၁၀ စျေးကနေ၊ မနေ့က ရုတ်တရတ် ၁၀၀ လောက် ထိုးတက်သွားတယ်၊ တပတ် လောက်စျေးငြိမ်နေရာကနေ ပြန်တက်သွားတာ” ဟု မြို့ခံသတင်းရင်းမြစ်က ပြောသည်။
မန္တလေးမြို့တွင် နို၀င်ဘာလ ၆ ရက်မှ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ဓာတ်ဆီ 95 တလီတာလျှင် ၂၂၁၀ ကျပ်၊ 92 တလီတာလျှင် ၂၁၁၀ ကျပ်ဖြင့် ရောင်းချခဲ့ရာမှ နိုဝင်ဘာ ၁၂ ရက်မှစပြီး 95 တလီတာလျှင် ၂၃၀၀ ကျပ် နှင့် 92 တလီတာလျှင် ၂၁၈၀ ကျပ်ဖြင့်ရောင်းချနေပြီး 95 မှာ ၀ယ်ယူရခက်ခဲနေကြောင်း မြို့ခံများ ထံမှ သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးမြို့
#စက်သုံးဆီ