တော်လှန်ရေးပြီးသွားသည့်အခါ သာမန်အရပ်သားတယောက်အဖြစ် နေချင်ခဲ့သော ရဲဘော်ကိုရှိုင်းကို သူ့လက်အောက်ငယ်သားများကလည်း လေးစားချစ်ခင်ကြသည်။ သို့သော် အောက်တိုဘာလအတွင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှအသေအပျောက်များခဲ့သလို ရဲဘော်ကိုရှိုင်းနှင့်အတူ ရဲမေယောက်ဖနှင့် ရဲဘော်ငါးကင်တို့လည်း ကျဆုံးသွားခဲ့ရသည်။ မဇ္ဈိမ စစ်မြေပြင်သတင်းထောက် ဟန်ထူးဇော်က ရဲဘော်ကိုရှိုင်းမကျဆုံးမီ အင်တာဗျူးမေးမြန်းထားခဲ့ဖြစ်သည်များနှင့်အတူ သူတို့သုံးဦးအတွက် ရဲဘော်ရဲဘက်များက အမှတ်တရများကို ထုတ်လွှင့်လိုက်ရပါသည်။
music ကြယ် (တော်လှန်ရေးအနုပညာ)
ရိုက်ကူး၊ တည်းဖြတ်၊ တင်ဆက်- ဟန်ထူးဇော်