အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြှောင်ရဲ့ တချို့နေရာတွေ ပျက်စီးနေပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ကုသပေးနိုင်ဖို့အတွက် ဆေးရုံတွေလည်း ပျက်စီးနေတာကြောင့် ဆရာဝန်နဲ့ သူနာပြုတွေ ဓာတ်မီးထိုးပြီး ခွဲစိတ်နေရတယ်လို့လည်း အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေ အများဆုံးထိခိုက်သေဆုံးနေတဲ့အပြင် အကူအညီပေးမှုကလည်း မပြောပလောက်တဲ့ ပမာဏပဲ ရှိနေသေးကြောင်း ဝေဖန်မှုတွေ ရှိနေတာပါ။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။