Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ကိုအားပေးသည့် ပြည်သူများကို ကျေးဇူးတင်ပြီး လူထု လိုလားသည့် မျှော်မှန်းချက်များ ပြည့်ဝသည်အထိတိုက်ပွဲဝင်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ် ပြန်သည်။
အောက်တိုဘာလ ၂၇ ရက်နေ့တွင်စတင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့၏စစ်ဆင်ရေးကို ကြိုဆို ထောက်ခံကြသော ပြည်သူလူထုတစ်ရပ်လုံးအပါအဝင် အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်တယောက်ချင်း စီကို မိမိတို့အနေဖြင့် များစွာကျေးဇူးတင်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့်လည်း မိမိတို့ရည်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး၊ ရည်မှန်းချက်များ နှင့်အတူ မြန်မာပြည်သူလူထုတရပ်လုံးလိုလားသော ဆန္ဒ၊ မျှော်မှန်းချက်များကို အပြည့်အဝရရှိသည် အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။
စစ်ဆင်ရေးများအောင်မြင်ရန် ပြည်သူများ၏ အားပေးထောက်ခံမှုနှင့် ၀န်းရံမှုများမှာ အလွန်အရေးကြီးပြီး စစ်ဆင်ရေးကြီးမပြီးမချင်း တသွေးတည်း တသားတည်း ဆက်ရှိနေရန် လိုအပ်ကြောင်း၊ စစ်ဆင်ရေးကြီး ကို အထောက်အပံ့၊ အကူအညီဖြစ်စေသော မည်သည့်လုပ်ဆောင်ချက်မျိုးဖြင့်မဆို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပါဝင်၍သော်လည်းကောင်း၊ ပုံစံတမျိုးမျိုးဖြင့်သော်လည်းကောင်း ဆက်လက်ပူးပေါင်းပါဝင်ကြ ရန်ကိုလည်း လေးလေးနက်နက်တိုက်တွန်းကြောင်း မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။
စစ်ဆင်ရေး ၁၀၂၇ စတင်ပြီး သုံးရက်အကြာတွင် လားရှိုး၊ ချင်းရွှေဟော်၊ သိန္နီအစရှိသည့် မြို့များရှိ စစ်ကောင်စီစခန်း ၅၇ ခုကို မဟာမိတ်အဖွဲ့များက သိမ်းပိုက်ထားသည်။
စာတည်း။ ။စောဖေ
#mizzima
#မဟာမိတ်သုံးဖွဲ့