“လာမယ့် ခရစ္စမတ်နေ့မှာ အလှူငွေတွေနဲ့ဆောက်ထားတဲ့ ဒေါ်လာသန်းချီတန် အိမ်သစ်ကြီးမှာ အိမ်တက် ပွဲလုပ်တော့မယ့် KNDF ခေါင်းဆောင်ခွန်းဘီထူး” ဟုဆိုကာ မှိုင်းဝေတယ်လီဂရမ်ချန်နယ်တွင် အောက်တို ဘာလ ၂၆ ရက်နေ့က KNDF ဥက္ကဋ္ဌ ခွန်ဘီထူးပုံနှင့်အတူ ဖြန့်ဝေထားသည်။

By JC (မဇ္ဈိမ)
29 October 2023
“လာမယ့် ခရစ္စမတ်နေ့မှာ အလှူငွေတွေနဲ့ဆောက်ထားတဲ့ ဒေါ်လာသန်းချီတန် အိမ်သစ်ကြီးမှာ အိမ်တက် ပွဲလုပ်တော့မယ့် KNDF ခေါင်းဆောင်ခွန်းဘီထူး” ဟုဆိုကာ မှိုင်းဝေတယ်လီဂရမ်ချန်နယ်တွင် အောက်တို ဘာလ ၂၆ ရက်နေ့က KNDF ဥက္ကဋ္ဌ ခွန်ဘီထူးပုံနှင့်အတူ ဖြန့်ဝေထားသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဥက္ကဋ္ဌ ခွန်ဘီထူးသည် အလှုငွေများဖြင့် ထိုင်း နိုင်ငံ မယ်ဟောင်ဆောင်တွင် ဒေါ်လာသန်းနှင့်ချီတန်သည့် နေအိမ်ဝယ်ထားကြောင်း သတင်းဖြန့်ဝေမှုများ ရှိနေသည်။

“လာမယ့် ခရစ္စမတ်နေ့မှာ အလှူငွေတွေနဲ့ဆောက်ထားတဲ့ ဒေါ်လာသန်းချီတန် အိမ်သစ်ကြီးမှာ အိမ်တက် ပွဲလုပ်တော့မယ့် KNDF ခေါင်းဆောင်ခွန်းဘီထူး” ဟုဆိုကာ မှိုင်းဝေတယ်လီဂရမ်ချန်နယ်တွင် အောက်တို ဘာလ ၂၆ ရက်နေ့က KNDF ဥက္ကဋ္ဌ ခွန်ဘီထူးပုံနှင့်အတူ ဖြန့်ဝေထားသည်။

ယင်းအကြောင်းအရာကို တယ်လီဂရမ်ချန်နယ်ခြောက်ခုတွင်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၂၁,၀၀၀ ကျော် ရှိသလို ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။ အလားတူ “PDF တွေကိုဗန်းပြအလှူခံ၊ နိုင်ငံခြားထောက်ပံ့ငွေတွေနဲ့ မီလျံနာဖြစ်တာတဲ့ KNDF ခေါင်း ဆောင်ခွန်းဘီထူး။

လာမယ့်ခရစ်စမတ်နေ့မှာ မယ်ဆောင်ဟောင်က ဒေါ်လာသန်းချီတန်တဲ့ သူ့အိမ်သစ် မှာ အိမ်တက်ပွဲ အခမ်းအနားပြုလုပ်မည်ဟုဆို” (မူရင်းအရေးအသားအတိုင်း) ဟု ကိုသက် တယ်လီဂရမ် ချန်နယ်တွင် အောက်တိုဘာ ၂၆ ရက်နေ့ တရက်တည်းတွင် KNDF ဥက္ကဋ္ဌ ခွန်ဘီထူးပုံဖြင့် ဖြန့်ဝေထား သည်။

ယင်းဖြန့်ဝေမှုသည့် တယ်လီဂရမ်ချန်နယ် ၁၀ ခုတွင် ပျံ့နှံ့နေပြီး တရက်အတွင်း ကြည့်ရှုသူ ၂၄,၀၀၀ ကျော်ရှိသည်။

ထို့အပြင် ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။ မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူမှ ထိုအကြောင်းအရာနှင့်ပတ်သက်၍ KNDF ဥက္ကဋ္ဌ ခွန်ဘီထူးအား ဆက်သွယ်မေးမြန်းခဲ့ရာ မဟုတ်မမှန်ဝါဒဖြန့်နေခြင်းသာဖြစ်ပြီး ၎င်းအနေဖြင့် ပိုင်ဆိုင်သမျှကို တော်လှန် ရေးအတွက် စွန့်လွှတ်ထားပြီးဖြစ်သကဲ့သို့ ပြည်သူမှထောက်ပံ့လှူဒါန်းထားသည့် အလှုငွေများအား ကိုယ် ကျိုးအတွက် တပြားတချပ်မှ အသုံးပြုခြင်းမရှိကြောင်းနှင့် တမင်သက်သက် သတင်းမှားဖြင့် တိုက်ခိုက် နေခြင်းသာဖြစ်ကြောင်း ပြောသည်။

“တော်လှန်ရေးကာလမှာ ကျနော်တို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေအားလုံးကို ပေးလှူထားပြီးဖြစ်တယ်။ အသက် ပါ ပေးထားတယ်။ ဒါက ကိုယ်ကျိုးအတွက် ဘာတခုမပါဘဲနဲ့ ရပ်တည်လာခဲ့တဲ့ အခြေအနေဖြစ်ပါတယ်။ ခုလိုသတင်းတင်လာတဲ့အခြေအနေဟာ သက်သက်မဲ့ အမြင်မှားအောင်လုပ်တာ ထင်ရှားပါတယ်။ ကျနော် တို့ ခုချိန်မှာ အိမ်တလုံးပိုင်ဖို့ထက် အကြွေးဘယ်လောက်များနေတယ်ကို ကြည့်ရမှာပါ။ ငွေကြေး ထောက် ပံ့တာတွေကို ပါဆင်နယ်အရ တပြားတချပ်မှ အသုံးပြုခြင်းမရှိသလို ပါဆင်နယ်အတွက် ကျနော့်သူငယ် ချင်းတွေက ပေးတဲ့ငွေတွေကိုတောင် အရေးပေါ်ဖြစ်တဲ့နေရာတိုင်းမှာ ကျနော်တို့ သုံးနေရတယ်။ ခုချိန်မှာ အိမ်တလုံးပိုင်ဖို့၊ ကားတစီးပိုင်ဖို့ထက် အရာရာက တော်လှန်ရေးအတွက်ပဲ ဖြစ်တယ်။ ကျနော်ကိုင်ဆောင် တဲ့ လက်နက်ကျည်ဆံကအစ ပြည်သူ့ပိုင်ဆိုင်မှုတွေပဲဖြစ်တယ်” ဟု KNDF ဥက္ကဋ္ဌခွန်ဘီထူးက မဇ္ဈိမကို ပြောသည်။

တယ်လီဂရမ်နှင့် ဖေ့စ်ဘုတ်တွင် ပျံ့နှံ့နေသော အဆိုပါအကြောင်းနှင်ပတ်သက်ပြီး KNDF ရဲဘော်တဦးကို မေးမြန်းခဲ့ရာတွင်လည်း “သူ(ခွန်ဘီတူး)ကတော့ အဲဒီလို မဖြစ်နိုင်ဘူး။ သူကရိုးသားပြီး ဘာပစ္စည်းဥစ္စာမှ မရှိဘူး။ ပိုက်ဆံကိုဦးတည်ပြီး လုပ်တဲ့သူမျိုးမဟုတ်ဘူး။ စကစကတော့ ပြောချင်ရာပြောလိမ့်မယ်။ အဲဒီလို ပြောလို့ ဆရာဘီထူးကတော့ လက်လျှော့သွားတယ်၊ စိတ်နာသွားတယ်ဆိုတာတော့ ရှိမှာမဟုတ်ဘူး။သူကတော့ ရိုးရိုးသားသားနဲ့ ဆက်လုပ်သွားနေမှာပဲ” ဟု မဇ္ဈိမသို့ ပြောသည်။

ထို့ကြောင့် KNDF ဥက္ကဋ္ဌ ခွန်ဘီထူး အလှုငွေများဖြင့် ဒေါ်လာသန်းချီတန်သည့် အိမ်ဝယ်ထားသည်ဆိုခြင်း မှာ မဟုတ်မမှန်ဝါဒဖြန့်ဝေနေခြင်းဖြစ်ပြီး တော်လှန်ရေးကို ဦးဆောင်လုပ်ကိုင်နေသူအား ပုံဖျက်တိုက် ခိုက်ထားခြင်းသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - t.ly/AjFbz သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါ သည်။

စာတည်း။ ။စောဖေ

#Misinformation_Buster

#Fake_News #KNDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly