ယူကရိန်းကို ရုရှားကျုး ကျော်စစ် အဆုံးသတ်ရေး ရည်ရွယ်တဲ့ ဒီသီတင်းပတ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တူရကီနိုင်ငံ ပါဝင်ဖို့ စီစဉ်နေတဲ့အကြောင်း ယူကရိန်း သမ္မတက ပြောပါတယ်။ ယူကရိန်းနိုင်ငံက စာတိုက်တတိုက် မစ်ဇိုင်းဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရသလို အရပ်သားတချို့ သေဆုံးပြီးတဲ့နောက် ယူကရိန် သမ္မတရဲ့ ကြေညာချက် ထွက်လာတာပါ။ ရုရှား နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားကို သွားရောက်ပြီး သတင်းတပတ်အကြာမှာ ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ VOA သတင်းထောက် Arash Arabasadi ရဲ့ သတင်းလွှာကို မဆုမွန်က တင်ဆက်ထားပါတယ်။