မန္တလေး၊ ဧပြီ ၂၃ ။ ။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာတစ်ချို့တွင် ဧပြီ ၂၂ ရက် ညနေ ၄ နာရီ ၃၀ မိနစ်က တိုက်ခတ်ခဲ့သောလေပြင်းနှင့် မိုးသီးများကျရောက် ခဲ့သောကြောင့် နေအိမ်တစ်ချို့ပျက်စီးကာ ကလေး၊လူကြီး စုစုပေါင်း ၆ ဦး သေဆုံးခဲ့သည်ဟု ၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(ကျောက်ဆည်)မှ ကိုစိုးသီဟ ကပြောသည်။
ထိုသို့လေပြင်းတိုက်၊မိုးသီးများကျ၍ နေအိမ်အများဆုံးပျက်စီးသောကျေးရွာမှာ ရေသလျှောက်ကျေးရွာဖြစ်ပြီး စိုက်ခင်းများလည်းပျက်စီးခဲ့သည်ဟု ကိုစိုးသီဟ ကဆိုသည်။
ထို့အပြင် ချောင်းဆုံကျေးရွာမှာ ကလေး၊လူကြီး ၆ ဦးသေဆုံးခဲ့ပြီး တိရိစ္ဆာန် အသေအပျောက်စာရင်းနှင့်သီးနှံပျက်စီးမှုစာရင်းမှာ ဧပြီ ၂၃ ရက်အထိ ကောက်ယူနေဆဲဖြစ်သောကြောင့် စာရင်းတိအကျမသိရသေးကြောင်း ကိုစိုးသီဟ ကဆိုသည်။
အဆိုပါပျက်စီးသွားသောနေအိမ်များတည်ဆောက်ပြုပြင်ပေးရန်နှင့် သေဆုံးသူများ၏ မိသားစုများကို ကူညီထောက်ပံ့ရန်အတွက် အလှူငွေများထည့်ဝင်လိုပါက ဦးကိုကိုလွင် 09-256006723ကိုစိုးသီဟ 09-796005001(၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ကျောက်ဆည်) ထံသို့ ဆက်သွယ်လှူဒါန်းနိုင်သည်။