ဒီမိုကရေစီတော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေသူ ပန်ဆယ်လိုအား အမေရိကန် ဖက်ဒရယ်စုံစမ်း စစ်ဆေးရေးဗျူရို(FBI)မှ စစ်ဆေးနေကြောင်း သတင်းများပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။
ကိုသက် တယ်လီဂရမ်ချန်နယ်က အောက်တိုဘာလ ၁၇ ရက်နေ့တွင် “တစ်ကမ္ဘာလုံးက ဆက်နွယ်တဲ့သူ တွေအကုန် တစ်နွယ်ငင်တစ်စင်ပါပြီပေါ့” သတင်းခေါင်းစဉ်နှင့်အတူ “တရားမဝင်ဒေါ်လာငွေလွှဲပြောင်းမှု များကြောင့် FBI က ပန်ဆယ်လိုရဲ့ Facebook အကောင့်ကိုစစ်ဆေးနေပြီး ဆက်သွယ်ပေးပို့လွှဲပြောင်း ထားတဲ့ ဘဏ်အကောင့်များကို ဆက်လက်စစ်ဆေးသွားမယ်လို့ FBI မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ ပြော ကြားမှုကိုကိုးကားပြီး ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်” (မူရင်းအရေးအသားအတိုင်း) ဟု ရေး သားကာ ဖော်ပြခဲ့သည်။
အဆိုပါပို့စ်အားကြည့်ရှုသူ ၃၀,၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး အခြားချန်နယ် ၁၂ ခုနှင့် ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။
မဇ္ဈိမ၏ သတင်းအချက်အလက်စစ်ဆေးသူများအနေဖြင့် ကိုသက်တယ်လီဂရမ်ချန်နယ်က ဖော်ပြထား သည့်သတင်း ရိုက်တာသတင်းဌာနကဖော်ပြခဲ့မှု ရှိ ၊ မရှိ စစ်ဆေးကြည့်ခဲ့သည်။
Google ၌ “Reuters Myanmar” ဟု ရှာဖွေကြည့်ရာ မြန်မာနှင့်ပတ်သက်ပြီး ဖော်ပြထားသည့်သတင်းများ တွင် ပန်ဆယ်လိုနှင့်သက်ဆိုင်သည့်သတင်း မရှိသည်ကို တွေ့ရသည်။ လင့် -https://rb.gy/y0452
ဆက်လက်ပြီး ရိုက်တာသတင်းဌာန၏ ဝက်ဘ်ဆိုဒ်၌ FBI ဟု ရှာဖွေရာတွင် ပန်ဆယ်လိုအား FBI မှ စုံစမ်း စစ်ဆေးနေသည်ဆိုသော သတင်းမရှိပေ။ လင့် - https://rb.gy/m8s79
အောက်တိုဘာ ၁၇ ရက်နေ့ ပန်ဆယ်လိုအမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာတခုက ၎င်း၏ အပြာရောင် အမှတ်သားပါ စာမျက်နှာအား ဖေ့စ်ဘုတ်မှ ဖျက်ချလိုက်ကြောင်း မျှဝေထားသည်။
ထိုသို့မျှဝေပြီးနောက် စစ်ကောင်စီလော်ဘီများက ပန်ဆယ်လိုအကောင့်အား FBI က တရားမဝင် ဒေါ်လာ ငွေလွှဲပြောင်းမှုနှင့်ပတ်သက်၍ စစ်ဆေးနေကြောင်း၊ NUG ၏အကြမ်းဖက်မှုများအား သက်သေဖျောက်ရန် လုပ်နေကြောင်းစသဖြင့် ဖြန့်ဝေနေသည်ကိုတွေ့ရသည်။
ထို့ကြောင့် ပန်ဆယ်လိုအား FBI မှ စစ်ဆေးနေကြောင်း ရိုက်တာသတင်းဌာနမှ ဖော်ပြထားသယောင်ရေး သားချက်မှာ သတင်းမှားဖြစ်ပြီး လုပ်ကြံဖန်တီးထားသည့် အကြောင်းအရာတခုသာဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ