မုန်လိုင်ခက်နှင့်အတူ ရပ်တည်ကြောင်း ချီတက်သည့် ကလေးမြို့ပင်မသပိတ်

By ပါခွီး (မဇ္ဈိမ)
17 October 2023
မုန်လိုင်ခက်နှင့်အတူ ရပ်တည်ကြောင်း ချီတက်သည့် ကလေးမြို့ပင်မသပိတ်

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ကချင်ပြည်နယ် မုန်လိုင်ခက်ပြည်သူများနှင့် အတူရပ်တည်ကြောင်းပြသသည့် သွေးစည်းညီညွတ်ရေးလူထုချီတက်ပွဲကို ကလေးမြို့ပင်မသပိတ်က ယနေ့ အောက်တိုဘာလ ၁၇ ရက်တွင် ပြုလုပ်ခဲ့ကြသည်။

ကလေးမြို့နယ် လူထုသပိတ်ကော်မတီနှင့် တော်လှန်သော ကျောင်းသား ပြည်သူများက “မုန်လိုင်ခက် နှင့်အတူရပ်တည်ကြ၊ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ” ဆိုသည့် စာသားများကို ကိုင်စွဲပြီး ချီတက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

အောက်တိုဘာလ ၉ရက်နေ့က စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များအပါအဝင် လူ ဦးရေ ၃၀ ကျော် သေဆုံးခဲ့ရသည့် ကချင်ပြည်နယ် ၊ လိုင်ဇာမြို့ ၊ မုန်လိုင်ခက် စစ်ဘေးရှောင် စခန်း ဖြစ်ရပ်အပေါ် ထိခိုက်သူများနှင့် အတူရပ်တည်ကြောင်းပြသခဲ့ခြင်းဖြစ်သည်။

မိဘပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်ကို “ကျေးလက်ပုန်ကန် ၊ မြို့ပြဖီဆန် ကာ” တော်လှန်ရေးမီးစာ အမြင့်ဆုံးသို့ မြှင့်တင်ကာ ကျရာကဏ္ဍအသီးသီးမှ ပါဝင် တိုက်ပွဲဝင်ကြရန် ကလေးမြို့ပင်မသပိတ်က တိုက်တွန်းထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima

#မုန်လိုင်ခက်

#ကလေးမြို့ပင်မ သပိတ်

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly