စစ်အာဏာရှင်ဆန့်ကျင်ရေး  ရွာပေါင်းစုံသပိတ်

By ပါခွီး (မဇ္စျိမ)
12 October 2023
စစ်အာဏာရှင်ဆန့်ကျင်ရေး  ရွာပေါင်းစုံသပိတ်
ပုံအညွှန်း - ယနေ့ ချီတက်ဆန္ဒပြခဲ့သော ရွာပေါင်းစုံသပိတ် (ဓါတ်ပုံ - ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်းထားသည့် ရွာပေါင်းစုံ သပိတ်ကော်မတီက စစ်အာဏာရှင် ဆန့်ကျင်ရေးချီတက်ပွဲကို အောက်တိုဘာလ ၁၂ရက် ယနေ့တွင် ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

အောက်တိုဘာလ ၉ရက်နေ့က ကချင်ပြည်နယ် ၊ လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရ၍ သေဆုံးသွားသူများအတွက် ဝမ်းနည်း ကြေကွဲရပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သပိတ်ကော်မတီက ဆိုသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည်  ၉၃၃ ရက်မြောက်ဖြစ်ကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly