၅၅၀ ဆရာတော်လို့ခေါ်တဲ့ ဆရာတော်ဦးဝါသဝစောင့်ရှောက်ပေးထားတဲ့ ကလေးတွေဆိုပြီး ရုပ်သံဖိုင်တခုကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက အောက်တိုဘာလ အစောပိုင်းမှာ ဖြန့်ဝေထားပါတယ်။ ဒီထဲမှာ ကလေးငယ် ၁၈ ဦးပါဝင်တာကိုတွေ့ရပြီး အများအားဖြင့် အရွယ်မရောက် သေးတဲ့ နှစ်နှစ်ကနေ ၁၀ နှစ်ဝန်းကျင်ခန့် ကလေးတွေလို့ ယူဆရပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချယ်နယ်တွေမှာတော့ ဒီကလေးငယ်တွေဟာ PDF တွေသတ်ဖြတ်လိုက်တဲ့ သူတွေရဲ့ ကျန်ရစ်တဲ့ကလေးငယ်တွေလို့ စွပ်စွဲပြီး ဖြန့်ဝေနေတာကိုတွေ့ရပါတယ်။
ကလေးတွေကို PDF ဟာ မိစ္ဆာတွေဖြစ်ကြောင်းနဲ့ တိုင်းပြည်ဖျက်နေတဲ့သူတွေဖြစ်ကြောင်း လူတယောက် ကတိုင်ပေးနေတာကို ဒီဗီယိုဖိုင်မှာတွေ့ရပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မော်တော်ကျေးရွာက ကျောင်းထိုင်ဆရာတော် ဦးဝါသဝဟာ ကန့်ဘလူ၊ တန့်ဆည်နဲ့ ကျွန်းလှမြို့နယ်တွေမှာတော့ မဘသဆရာတော်လို့နာမည်ကြီးသလို ပြည်သူ့စစ်ခေါင်း ဆောင်တဦးလို့လည်း နာမည်ကြီးသူတယောက်ဖြစ်တဲ့အကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါ တယ်။
၅၅၀ ဆရာတော်နဲ့အပေါင်းအပါတွေက စစ်ကောင်စီအတွက် ဝါဒဖြန့်မှုတွေကို ဆောင်ရွက်ပေးနေသူတွေ ဖြစ်တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။
သတင်း၊ ရုပ်သံတည်းဖြတ်- မိုးသောက်