လက်ဝှေ့အကျော်အမော် မိုက်တိုင်ဆန်သေဆုံးသည်ဆိုသော သတင်းအမှား

By ZZ (မဇ္ဈိမ)
29 September 2023
လက်ဝှေ့အကျော်အမော် မိုက်တိုင်ဆန်သေဆုံးသည်ဆိုသော သတင်းအမှား

ကမ္ဘာကျော်လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုင်ဆန်သေဆုံးသည်ဆိုသော သတင်းတခု ပျံ့နှံလျက် ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။

“Yoruba singles and single parents Club” အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဩဂုတ်လ ၂၂ ရက်နေ့ က “20 minutes ago/ Goodbye legendary Mike Tyson/ Mike Tyson he now has been confirm as...” ဟုဆိုကာ မိုက်တိုင်ဆန်သေဆုံးကြောင်းရေးထားသည့်ပို့စ်တခု ပျံ့နှံလျက်ရှိသည်။ 

အဆိုပါပို့စ်အား နှစ်သက်ကြောင်းပြုလုပ်သူ ၃၀၀ နီးပါးနှင့် မှတ်ချက်ပေးသူ ၂၀၀ ကျော်ရှိခဲ့ပြီး ဖေ့စ်ဘုတ် တွင် ပျံ့နှံနေဆဲသတင်းတခု ဖြစ်သည်။ 

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများအနေဖြင့် မိုက်တိုင်ဆန်သေဆုံးခြင်း ရှိ၊ မရှိ အချက်အလက်စစ် ဆေးခဲ့ရာတွင် ၎င်းတိုဖြန့်ဝေထားသည့်ပို့စ်မှ မိုက်တိုင်ဆန်ဆေးရုံတက်နေရသည့်ပုံအား စစ်ဆေးကြည့်ခဲ့ ရာ ၁၉၉၈ ခုနှစ်ကထုတ်ဝေခဲ့သည့် The Onion Newsletter ဝက်ဘ်ဆိုက်ရှိ ဆောင်းပါးတပုဒ်မှ ပုံဖြစ်နေ သည်ကို တွေ့ရသည်။ ယင်းပုံကို မိုက်တိုင်ဆန်၏မျက်နှာဖြင့် ပြန်လည်ပြုပြင်ထားခြင်းဖြစ်သည်။ လင့် - https://shorturl.at/BGOS3 

ထို့ပြင် မိုက်တိုင်ဆန် မသေဆုံးကြောင်း CooPWB ဝက်ဘ်ဆိုက်မှ အချက်အလက် စစ်ဆေးထားသည်ကို လည်းတွေ့ရသည်။ လင့် - https://shorturl.at/fhjpV

ထိုကြောင့် မိုက်တိုင်ဆန်သေဆုံးပြီဟု ဖြန့်ဝေနေသည့်သတင်းများမှာ သတင်းအမှားဖြစ်သလို ဓာတ်ပုံမှာ လည်း ပြုပြင်ထားသောပုံသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly