တော်လှန်ခရီးမှာ မိတ်ဆွေကနေ ရန်သူမဖြစ်သွားဖို့တော့ အရေးကြီးတယ်(ဆောင်းပါး)

By မဇ္ဈိမ 
29 September 2023
တော်လှန်ခရီးမှာ မိတ်ဆွေကနေ ရန်သူမဖြစ်သွားဖို့တော့ အရေးကြီးတယ်(ဆောင်းပါး)

နွေဦးတော်လှန်ရေးကို အားလုံးတူညီစိတ်တစ်ခုတည်းနဲ့ စခဲ့ကြတာဖြစ်ပါတယ်။

အာဏာရှင်စနစ်ကိုအပြီးတိုင် တိုက်ထုတ်ပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်ကိုသွားမယ်ဆိုတဲ့စိတ်ဆန္ဒတစ်ခုတည်းနဲ့ စခဲ့ကြတာဖြစ်ပါတယ်။ 

ဒီလို တူညီတဲ့စိတ်ဆန္ဒနဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကြောင့်ပဲ တော်လှန်ရေးခရီးဟာ နှစ်နှစ်ခွဲကျော်ကာလအတွင်းမှာအတိုင်းအတာတစ်ခုထက်ပိုပြီး ခရီးရောက်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် စစ်ကောင်စီဘက်မှာအလဲလဲအကွဲကွဲနဲ့ မညီညွတ်မှုတွေကို ကြုံတွေ့နေရပြီဖြစ်ပါတယ်။

 အဓိပ္ပာယ်မရှိတဲ့တိုက်ပွဲအတွက်အလကားအသက်အသေမခံ ဘူးဆိုပြီး CDM လုပ်လာတဲ့ စစ်သားတွေတိုးလာသလိုတပ်တွင်းကနေထွက်ပြေးပြီး တစ်ဘက်နိုင်ငံတွေမှာသွား ရောက်ခိုလှုံနေသူတွေလည်းရှိနေတာပါ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly