လောင်းလုံးတွင် “လူထုအကျပ်အတည်း အရင်းခံ၊ စစ်အာဏာရှင်စနစ် အမြစ်လှန်”ခေါင်းစဉ်ဖြင့် လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်

By ကိုရွှေမြိတ် (မဇ္ဈိမ)
27 September 2023
လောင်းလုံးတွင် “လူထုအကျပ်အတည်း အရင်းခံ၊ စစ်အာဏာရှင်စနစ် အမြစ်လှန်”ခေါင်းစဉ်ဖြင့် လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်

တနင်္သာရီတိုင်း၊  ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာ တရွာတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထူပိတ်လှုပ်ရှားမှုကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံက သိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် “လူထုအကျပ်အတည်း အရင်းခံ၊ စစ်ဏာရှင်စနစ် အမြစ်လှန်” ဘန်နာကိုင်ဆွဲပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ချီတက် ပြုလုပ်ခဲ့သည်ဟု သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#လောင်းလုံ
#ဆန္ဒထုတ်ဖော်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly